ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်
ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး တို့သည် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေပိုင်းက
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.အဆိုပါ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ပြည်နယ်အဆင့်
တာဝန်ရှိသူ များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဒေါက်တာ ကျော်ထွန်းသည် လားရှိုးတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ်၊
ဒီဇင်ဘာလမှ စတင်၍ ပါမောက္ခချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ
၁ ရက်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ခန့်ထားခံရသူဖြစ်ကြောင်း သိရသည်။
.