ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နံရံတွင် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်က Say NO to Military Coup ဟု အနီရောင် မှုတ်ဆေးဖြင့် ရေးသားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မှုတ်ဆေးဖြင့် ရေးချယ်ထားသည့် စာသားကို တာဝန်ရှိသူများက ဆေးဖြင့် ထပ်မံမှုတ်၍ ဖျက်ခဲ့ကြောင်း သိရသည်။
.
အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ညပိုင်းကလည်း တောင်ကြီးမြို့၊ မြို့မစျေးအနီး၊ ဗိုလ်ချုပ်လမ်းဘေး (ဆိုင်ကယ်စတန်း) တွင် Our President is U Win Myint ဟု အနီရောင် မှုတ်ဆေးဖြင့် ရေးသားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ရေးသားသူမှာ မည်သူ ဖြစ်သည်ကို သိရှိရခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News #Taunggyi
.
No comments:
Post a Comment