ကမ္ဘောဇတိုင်း
.
ကျောက်မဲမြို့၊
အမှတ် (၉) ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ RCSS ဆက်ဆံရေးတာဝန်ခံ၏ နေအိမ်ခြံဝင်း တံခါးအနီးတွင်
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၆ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ
နေအိမ်အနီးသို့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၆ နာရီခန့်က ဆိုင်ကယ်တစ်စီး ရောက်ရှိလာပြီး
အိမ်ရှေ့တွင် ရပ်တန့်ကာ လက်လုပ်မိုင်း ဟု ယူဆရသည့် မိုင်းတစ်လုံးအား လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ပေါက်ကွဲမှုကြောင့်
နေအိမ်ခြံဝင်းတံခါးပွင့်ထွက်ပျက်စီးကာ ဝင်းအတွင်းရပ်ထားသည့် မော်တော်ယာဉ် ၃ စီး နှင့်
နေအိမ် မှန်တံခါးများ မိုင်းစများထိမှန်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း
သိရသည်။
.
ပေါက်ကွဲခဲ့သည့်
လက်လုပ်မိုင်းမှာ ၄ လက်မ ကော်ပိုက်လုံးဖြင့် ထည့်သွင်းထားခြင်းဖြစ်ပြီး
အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကာ တာဝန်ရှိသူများက
အတည်ပြုနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
.