ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်နှင့် အချုပ်ထောင်များမှ
အကျဉ်းသားများ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
.
.အဆိုပါ လွတ်မြောက်လာသူများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ
ကျိုင်းတုံအကျဉ်းထာင်မှ အကျဉ်းသား၂၄၂ ဦးနှင့် အကျဉ်းသူ ၄၇ ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ
အကျဉ်းသား ၁၄၂ ဦး၊ အကျဉ်းသူ ၄၀ ဦး၊ လားရှိုးအကျဉ်းထောင်မှ တရုတ်နိုင်ငံသား ၃၅ ဦးအပါအဝင်
အကျဉ်းသား ၃၉၀ ဦး၊ အကျဉ်းသူ ၁၁၁ ဦးနှင့် တောင်ကြီးအချုပ်ထောင်မှ
၄၃ ဦး တို့ဖြစ်ကြောင်း သိရသည်။
.
အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင်
အကျဉ်းကျခံနေကြရသည့် ပြစ်ဒဏ်ကျ အကျဉ်းသားများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၂၀၄၊ ပုဒ်မခွဲ(က)အရ ဇန်နဝါရီ ၃၁ ရက် မတိုင်မီ ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ခုခုနှင့်
စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ
မင်းအောင်လှိုင်က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့
ခြင်းဖြစ်သည်။
.
No comments:
Post a Comment