ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ ဖေဖော်ဝါရီလ
၉ ရက်၊ နံနက်အစောပိုင်းက နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦး အပါအဝင် ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း
သိရသည်။
.
ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ နိုင်ငံရေးအကျဉ်းသားဟောင်း
ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်၊ ပညာရောင်ခြည် ကိုယ်ပိုင်ကျောင်းမှ ဦးကြည်ရှိန်နှင့် ရှေ့နေ
ဦးကျော်ဝင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့ကို နေအိမ်အသီးသီးမှ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်၊
နံနက် ၂ နာရီ ဝန်းကျင်ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“တောင်လေးလုံး အပြင်ဇရပ်မှာ ထားတယ်လို့ သိရတယ်။ သူ့မိသားစုက
လိုက်သွားမယ်လို့ ပြောပါတယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်၊ ညပိုင်းမှစတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့
ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံ ပြည်သူများက စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မဇ္ဈိမလူမှုကူညီရေးအသင်း
ဥက္ကဋ္ဌ ဦးတင့်ဆွေ၊ NLD ပါတီဝင် ဦးကျော်မြင့်နှင့် ကျိုင်းတုံမြို့မှ မချောတို့
၃ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။
.