တောင်ကြီးတွင် စက်သုံးဆီစျေးနှုန်းအနည်းငယ် မြင့်တက်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးတွင် စက်သုံးဆီစျေးနှုန်းအနည်းငယ် မြင့်တက်လာ

အောင်ဆန်းဝင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်းစက်သုံးဆီစျေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံက သိရသည်။

 .

.

ယခင်က စက်သုံးဆီ 92 ဓာတ်ဆီတစ် လီတာလျှင် ၇၂၀ ဝန်းကျင်ပေါက်စျေးရှိခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ၇၃၀ ကျပ် ဝန်းကျင်အထိရောက်ရှိလာကြောင်းသိရသည်။

.

“ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ပေပါကို ၁၃၅၀၀၀ ကျပ်နဲ့ဝယ်ရတယ်။ အခုဒီနေ့ဆီလိုလို့လှမ်းမှာ တော့ ၁၄၅၀၀၀ ကျပ်ဖြစ်သွားပါတယ်။ ရက်ပိုင်းအတွင်း ၁၀၀၀၀  တက်သွားတယ်ပြော ရမှာပေါ့” ဟု တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချသူတစ်ဦးကပြောသည်။

.

ထို့အတူ တောင်ကြီးမြို့နေ နေ့စားအလုပ်သမားတစ်ဦးကလည်း “စက်သုံးဆီစျေး တက်တာနဲ့ စားသောက်ကုန်စျေးလိုက်တက်တာက ပုံမှန်လိုဖြစ်နေတယ်။ COVID-19 ကြောင့် အားလုံး ခက်ခဲနေတဲ့အချိန်မှာ ကုန်စျေးနှုန်းတက်လာရင် ကျွန်တော်တို့လို အခြေခံပြည်သူတွေ အတွက်ခက်ခဲမှုတွေ တိုးလာနိုင်တယ်ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

စက်သုံးဆီစျေးနှုန်းဆက်လက်မြင့်တက်လာပါက အခြေခံစားသောက်ကုန်စျေးနှုန်းများလည်း တက်လာနိုင်သည့်အတွက် ပြည်သူများအကြားစိုး ရိမ်မှုဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

.

#KBZTai #Shan #News #AungSunWin

.

 

Journal Download

Photo of three cats