နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်လျက် ရှိသော အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးအား ရှမ်းပြည်နယ်မှ နိုင်ငံရေးပါတီ ၇ ခုက တက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။
.
![]() |
Photo - Internet |
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်မှ ၇ ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၅၃ ပါတီ၏ ကိုယ်စားလှယ်များက တက်ရောက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။
.
ယင်းအစည်းအဝေးသို့ တက်ရောက်နေသည့် ရှမ်းပြည်နယ်မှ ၇ ပါတီမှာ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီနှင့် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြောင်း သိရသည်။
.
တွေ့ဆုံညှိနှိုင်း အစည်းဝေးသို့ လက်ရှိ တည်ဆဲ နိုင်ငံရေးပါတီ ၉၁ ပါတီအား ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းအနက် ၅၃ ပါတီ တက်ရောက်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းရှိ ၈ ပါတီ အပါအဝင် ၃၈ ပါတီမှာ တက်ရောက်ခဲ့ခြင်း မရှိပေ။