ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြည်သူအတွက် ဦးဆွေးဆံမြေ့ အသက်ပေး၍ တာဝန်ယူမည်ဟု ရေးသား ထုတ်ပြန်ခဲ့သည်။
.
ရှမ်းပြည်နယ် NLD ပါတီ အောင်နိုင်ရေးကော်မတီ ဥက္ကဌ ဖြစ်သည့် ဦးစိုးညွန့်လွင်သည် ယခု ဖေဖော်ဝါရီလ ၃ ရက်၊ ညပိုင်းက လူမှုကွန်ရက် (Facebook) တွင် ယင်းကဲ့သို့ ရေးသား၍ ပြည်သူများသို့ ထုတ်ပြန် အသိပေးခဲ့ခြင်း ဖြစ်သည်။
.
" လူသား တစ်ယောက်ရဲ့ အကြီးမားဆုံး၊ ဆုံးရူံးမှုသည် သေဆုံးခြင်းပါပဲ။ သေဆုံးခြင်း ဆိုတာကလည်း ဘဝသံသရာ မရေတွက်နိုင်ခဲ့ပါဘူး။ နို့ပေမဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဘဝတွေ ရှင်လျှက်နဲ့ ဘဝသေနေခဲ့တာ၊ ခလေးတွေရဲ့ အနာဂါတ် ပျောက်ဆုံးခဲ့တဲ့ အဖြစ်အပျက်တွေက နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးပြီ။ နောက်ထပ် အနာဂါတ် ခလေးတွေအတွက် ဘယ်သူမှာ တာဝန်ရှိသလဲ။ ဒီသံသရာ ဝဲဂယက်ကို ဖြတ်တောက်ဖို့ အတွက် လူသားစိတ် ရှိတဲ့ လူတိုင်းမှာ တာဝန်ရှိတယ်။ ကျနော်ကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပါပြီ။ ကျနော်ကို ယုံကြည်စွာ တာဝန်ပေးခဲ့တဲ့ ပြည်သူလူထုအတွက် ဦးဆွေးဆံမြေ့ အသက်ကိုပေး၍ ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။" ဟု ဦးစိုးညွန့်လွင်က ရေးသားသည်။
.
တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက် အာဏာရယူပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များအား ထိန်းသိမ်းပြီးနောက် ပြန်လည် စေလွှတ်ပေးခဲ့ရာ ဦးစိုးညွန့်လွင်သည် ယမန်နေ့ ညနေပိုင်းက ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်သည်။
No comments:
Post a Comment