ရွာငံမြို့နယ်တွင် ငွေကျပ် ၂၂ သန်းကျော် အသုံးပြု၍ ကုန်ထုတ်လမ်း ဖောက်လုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွာငံမြို့နယ်တွင် ငွေကျပ် ၂၂ သန်းကျော် အသုံးပြု၍ ကုန်ထုတ်လမ်း ဖောက်လုပ်နေ

ငြိမ်းသူ

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အင်းကုန်းကျေးရွာ၌ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၂ ဒသမ ၃၃၆ သန်း အသုံးပြု၍ ကုန်ထုတ်လမ်း ဖောက်လုပ်နေကြောင်း သိရသည်။

.


အင်းကုန်းကျေးရွာကုန်ထုတ်လမ်းမှာ အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေတွင် ထု မြေသား ၂ ပေ၊ ဗြုန်းကျောက် ၆ လက်မ ခင်းခြင်းကို တင်ဒါအောင်မြင်သော သော်တာညို ကုမ္ပဏီမှ ဇန်နဝါရီလက စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ကုန်ထုတ်လမ်း ပြီးစီးပါက အင်းကုန်းကျေးရွာနှင့် ဝန်းကျင်ဒေသများရှိ လယ်ယာမြေဧက ၇၀၀ မှ လယ်ယာထွက်ကုန်များကို စျေးကွက်သို့ အချိန်မီ ရောက်ရှိစေမည်ဟု ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်ထံမှ သိရသည်။

.

ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ၊ ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီ ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန် ကြပ်မတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats