NLD ရွေးကောက်ခံ လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိမ်ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NLD ရွေးကောက်ခံ လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိမ်ဆို

ကမ္ဘောဇတိုင်း

.

တပ်မတော် အာဏာသိမ်းပြီးနောက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ် ၇၀ ခန့်သည် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုခဲ့သည်ဟု သိရည်။

.



.

နေပြည်တော် စည်ပင်ရိပ်သာတွင် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို ပြန်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း အွန်လိုင်းမှတစ်ဆင့် ကျမ်းသစ္စာ ကျိမ်ဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

တတိယအကြိမ် လွှတ်တော်ခေါ်ယူမည့် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်အစောပိုင်းတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုယ်စားလှယ် များသည် လာမည့် ၅ နှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရပ်တည်နိုင်ရေးအတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats