မိုင်းယောင်းတွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းများသို့ ဒုတိယအကြိမ်အဖြစ် အခြေခံစားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းများသို့ ဒုတိယအကြိမ်အဖြစ် အခြေခံစားသောက်ကုန်များ လှူဒါန်း

စိုင်းအောင်ဇော်လင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းသို့ ဌာနဆိုင်ရာများ စုပေါင်းပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်က အခြေခံစားသောက်ကုန် များကို ဒုတိယအကြိမ်အဖြစ် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

ထိုသို့လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထေရဝါရဗုဒ္ဓသာနာပြု(ဗဟို)ကျောင်း၊ ထေရဝါရ ဗုဒ္ဓသာနာပြု (ဝမ်ဇလီလော်)ကျောင်းနှင့် ထေရဝါရဗုဒ္ဓသာနာပြု(မိုင်းဟန်)ကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

.

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ဆရာတော်၊ သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ယင်းကဲ့သို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats