​မူဆယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားစီးရေ ရာချီ ပျက်၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​မူဆယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားစီးရေ ရာချီ ပျက်၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အနီး၊ရေကျော်ကွေ့  လမ်းကျဉ်းနေရာရှိ ကုန်သွယ်မှု အဓိက လမ်းမကြီး ဖြစ်သည့် ပြည်ထောင်စုလမ်းမတွင် ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက ကားစီးရေ ရာချီ ပျက်ခဲ့သဖြင့် လမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



အဆိုပါ လမ်း ပိတ်ဆို့မှုမှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၇ နာရီမှ ​နေ့လယ် ၁၂ နာရီကျော်ခန့်အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တပ်ရင်း/ဖွဲ့များနှင့် ရဲတပ်ဖွဲ့များက လာရောက်ရှင်းလင်းမှုကြောင့် သွားလာ၍ ရပြီဖြစ်ကြောင်း သိရသည်။

.

" CDM လုပ်တယ်လို့ ပြောကြတယ်၊ ဘယ်လို ဖြစ်တယ်ဆိုတာတော့ အတိအကျ မသိရဘူး။" ဟု မူဆယ်ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် ကုန်ကား ၁၀၀၀ ကျော် ရပ်တန့်နေခြင်း​ကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ ရပ်ဆိုင်းလုနီး ဖြစ်ပွား​နေကာ ဒေသခံများက မြန်မာ့အရေး ဝင်မစွက်ရေး တရုတ်နိုင်ငံသို့ ရည်ရွယ် ဆန္ဒပြ​နေကြောင်း သိရသည်။

Journal Download

Photo of three cats