မင်းဇော်မင်း
.
မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်လုံခြုံရေးဂိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်၊
ညပိုင်းက ငွေကျပ် သိန်းပေါင်း ၅၉၂၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အမျိုးသားတစ်ဦးနှင့်
အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
. မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု(၂၉)မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီလ ၄ ရက်၊ ည ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့နယ်၊
မိုင်းဆတ်-တာချီလိတ်လမ်း၊ ဆိုက်ခေါင်လုံခြုံရေးဂိတ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ်
မိုင်းဆတ်ဘက်မှ မိုင်းတွမ်းဘက်သို့ ကျစေ့ မောင်းနှင်လာသော မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းအတွင်း ထည့်ထားသည့် အစိမ်းရောင်ပီနံအိတ်
၁၉ လုံးအတွင်းမှ WY
စာတမ်း ပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၄၂၆၀၀၀ ပြား၊
တန်ဖိုးငွေကျပ်သိန်းပေါင်း ၅၄၂၆၀ နှင့် အစိမ်းရောင် ကျောပိုးအိတ်အတွင်းမှ ICE တစ်ကီလိုဂရမ်ခန့်ပါ ၂၅ ထုပ်၊ တန်ဖိုးငွေကျပ် သိန်း ၅၀၀၀ တို့အား
သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ကျစေ့ အား
မိုင်းဆတ် မြို့မရဲစခန်းတွင် မယ (ပ)၉/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.