ကမ္ဘောဇတိုင်း
.
မူဆယ်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်နေသည့် လူအုပ်စုအတွင်း
ဝင်ရောက် ရောနှောကာ ဓါးကိုင်ကာရန်ပြုသူတစ်ဦးကို လုထုကဖမ်းဆီးပြီး ရဲလက်သို့
အပ်နှံခဲ့ကြောင်းသိရသည်။
.
.ဆန္ဒပြလူအုပ်စုအတွင်း အရပ်ဝတ်ဖြင့် လူ ၅ ဦးက ရောနှော၍
လူထုသို့ ရန်ပြုအကြမ်းဖက်ရန်ကြံစည်မှုကို လူထုက တားဆီး၍ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
.
မူဆယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နံနက်ပိုင်းက
စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း အင်အား
သောင်းချီဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဆန္ဒပြသူလူထုအတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်မှုများရှိခဲ့သော်လည်း
ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မူဆယ် လီရှောပြန်ကြားရေးအဖွဲ့ထံက သိရသည်။
.