​MRTV နှင့် MRTV Live Page များကို Facebook က ဖယ်ရှား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​MRTV နှင့် MRTV Live Page များကို Facebook က ဖယ်ရှား

နိုင်ငံပိုင် ရုပ်သံလိုင်း၏ Facebook စာမျက်နှာများ ဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV ၊ MRTV Live စာမျက်နှာတို့ကို ယ​နေ့ ​ဖေ​ဖော်ဝါရီလ ၂၂ ရက်တွင် Facebook မှ ဖယ်ရှားလိုက်​ကြောင်း သိရသည်။

.



“ကမ္ဘာတဝန်းလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ Facebook မှာ တားမြစ်ထားတဲ့ အကြမ်းဖက်မှုနဲ့ အားပေး လှုံ့ဆော်မှု မူဝါဒ အပါအဝင် လူမူ စံနှုန်းတွေကို ထပ်ကာထပ်ကာ ဖောက်ဖျက်မှုတို့ကြောင့် MRTV နဲ့ MRTV Live စာမျက်နှာတွေကို Facebook ကနေ ဖယ်ရှားလိုက်ပါတယ်” ဟု Facebook ၏ အာရှပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့‌ရေးရာ မူဝါဒဆိုင်ရာ ဒါရိုက်တာ Rafael Frankel က ထုတ်ပြန် ပြောကြားခဲ့​ကြောင်း သိရသည်။

.

ယမန်​နေ့ ဖေဖော်ဝါရီ  ၂၁ ရက်ကလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook စာမျက်နှာကို “အကြမ်းဖက်မှု လှုံ့ဆော်ခြင်းနဲ့ ထိခိုက်မှု ဖြစ်အောင် စုစည်း ကြံစည်ခြင်း မူဝါဒတွေကို ထပ်ကာထပ်ကာ ဖောက်ဖျက်မှုတို့ကြောင့်” ဟုဆိုကာ Facebook က ဖယ်ရှားခဲ့သည်။ 

.

တပ်မ​တော်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်၍ Facebook အသုံးပြုမှုကို အာဏာသိမ်း စစ်​ကောင်စီက ပိတ်ပင်ထားခဲ့​သော်လည်း မြန်မာပြည်သူများသည် VPN app များဖြင့် ဆက်လက် အသုံးပြု​နေလျက် ရှိသည်။

Journal Download

Photo of three cats