မိုင်းရှူးနှင့် မိုင်းပန်ကျန်းမာရေးဝန်ထမ်းများကို ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းရှူးနှင့် မိုင်းပန်ကျန်းမာရေးဝန်ထမ်းများကို ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်နေ

ကမ္ဘောဇတိုင်း

.

လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်နှင့် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများအား ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေပိုင်းက တပ်မှ စေခိုင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင် နေလျက်ရှိကြောင်း သိရသည်။

.

.

“မိုင်းပန်နဲ့ မိုင်းရှူးကို စစ်တပ်က ဝင်ခေါ်နေတယ်လို့ သိရပါတယ်။ မိုင်းပန်ကဆိုရင် ဆေးမှတ်တမ်းထိန်း တစ်ယောက်ကို ခေါ်သွားပြီ။ မြို့နယ်ကျန်းမာရေးဦးစီးမှူးနဲ့ ကျန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေက မလိုက်ဘူး ပြောလို့ ကျန်ခဲ့တယ်လို့ပြောတယ်။ လာခေါ်တာကတော့ ရဲကပေါ့။ စစ်တပ်က လာခေါ်ခိုင်းတာလို့ သိ ရတယ်။ မိုင်းရှူးကိုတော့ အခု လာခေါ်နေပြီလို့ ကြားရတယ်” ဟု အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

ဖေဖော်ဝါရီလ ၁ ရက်က ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့များ တွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး နိုင်ငံရေးသမားအချို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖမ်းဆီးမှုများ ရှိခဲ့ကာ ယခုအခါတွင် နိုင်ငံ့ဝန်ထမ်းများကို ပထမဆုံးအဖြစ် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

.

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် ဖမ်းဆီးထိန်းသိမ်းမှုများ ရှိနေကြောင်း သိရပြီး သတင်းအတည်ပြုချက် ရယူနေဆဲဖြစ်သည်။

.

#KBZTai #Shan #News

.

https://facebook.com/pinktrap.pinktrap/videos/1137211890072209/

.

https://facebook.com/md.thura.33/videos/1007611510065327/

.

 

Journal Download

Photo of three cats