ကမ္ဘောဇတိုင်း
.
ဆိုက်ဘာလုံခြုံရေးဥပဒေ
(မူကြမ်း) ကို ပြဌာန်းရန်မသင့်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်း ထုတ်ပြန်ချက်အမှတ်
(၃/၂၀၂၁) ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.အဆိုပါမူကြမ်းတွင်
ပါဝင်သည့်အချက်များသည် အများပြည်သူ၏ အွန်လိုင်းပေါ် လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်၊ အချက်အလက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့်
အစရှိသည့် အခွင့်အရေးများအပြင်၊ အခြေခံအကျဆုံးသော ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားမှု တို့ကို
အဟန့်အတားဖြစ်စေမည့် အကြောင်းအရာများ၊ အွန်လိုင်းပေါ်တွင် သတင်းမီဒီယာများ
လွတ်လပ်စွာ သတင်းရေးသားတင်ဆက်ခြင်း၊ ထုတ်လွှင့်ခြင်း၊
သတင်းလုံခြုံခြင်းတို့အပေါ်တွင်လည်း၊ ဟန့်တားထားမှုများ ပါဝင်နေကြောင်း တွေ့ရှိရပြီး
ယင်း ဥပဒေ(မူကြမ်း) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေခြင်း၊
သတင်းမီဒီယာဥပဒေတွင်ပါရှိသည့် ဒီမိုကရေစီနှင့်လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုရေးသားမှု၊ သတင်း ဖော်ပြမှုတို့အပေါ်တွင် အဟန့်အတားဖြစ်စေခြင်း တို့ကြောင့်
ပြဌာန်းရန် မသင့်ပါကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အလားတူ အဆိုပါ ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် ကွန်ပျူတာအသင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း
ကန့်ကွက်ကြောင်း သဘောထားများ ထုတ်ပြန် ကြေညာထားသည်။
.