နိုင်ကျဥ်းအဖွဲ့မှ ကိုမြင့်​ဌေး အထိန်းသိမ်း ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ကျဥ်းအဖွဲ့မှ ကိုမြင့်​ဌေး အထိန်းသိမ်း ခံရ

ရှမ်းပြည်နိုင်ငံ​ရေး အကျဥ်းသား​ဟောင်းများ အဖွဲ့မှ ကိုမြင့်​ဌေး (ခ) ကိုဘယ်​ကျော်သည် ယ​နေ့ ​ဖေ​ဖော်ဝါရီလ ၉ ရက်၊ နံနက် အ​စောပိုင်းတွင် ၎င်း​၏ ​နေအိမ်၌ အထိန်းသိမ်း ခံလိုက်ရ​ကြောင်း သိရသည်။

.



" မနက် ၂ နာရီ ၁၅ မိနစ်မှာ ကျွန်မ အ​ဖေကို လာဖမ်းသွားတယ်။ ရဲ​​တွေနဲ့ အရပ်ဝတ်​တွေနဲ့ လာဖမ်းသွားတာပါ။​ ​လော​လောဆယ် ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရ​သေးဘူး။" ဟု ကိုမြင့်​ဌေး၏ မိသားစုဝင်က ​ပြောသည်။

.

ကိုမြင့်​ဌေးသည် ၈၈ အ​ရေး​​တော်ပုံကာလက ​ထောင်ဒဏ် ၈ နှစ် အကျဥ်းကျ ခံခဲ့ရသူ ဖြစ်ပြီး လက်ရှိ ​တောင်ကြီးမြို့​​ပေါ်တွင် ပြုလုပ်လျက် ရှိသည့် စစ်အာဏာသိမ်း ဆန့်ကျင်​ရေး လှုပ်ရှားမှုများတွင် အကြမ်းဖက်မှုများ ဖြစ်မလာ​စေ​ရန်အတွက် လူငယ်များအား လမ်းညွှန်​ပေး​သူ ဖြစ်​ကြောင်း သိရသည်။

.

အခြား​သော နိုင်ငံ​ရေး ​ခေါင်း​ဆောင်များလည်း အဖမ်းခံရနိုင်ဖွယ် ရှိ​သော်လည်း က​မ္ဘောဇတိုင်းအ​နေဖြင့် အတည်ပြုနိုင်ခြင်း မရှိ​သေး​ပေ။

Journal Download

Photo of three cats