ကလောမြို့နယ်တွင် ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်တွင် ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ သာမိုင်းခမ်းကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းက ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

.

.

ပင်လောင်းမြို့နယ်၊ ထီးဖောင်းအုပ်စု၊ လွယ်မောင်းရွာနေ ခွန်သိန်းအောင် မောင်းနှင်သော Toyota Hiace အမျိုးအစား အဖြူရောင်ယာဉ်သည် ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က အောင်ပန်း-ဟဲဟိုးလမ်း အတိုင်း မောင်းနှင်လာစဉ် သာမိုင်းခမ်းကျေးရွာ၊ စူပါဝမ်းခြံရှေ့၊ မိုင်တိုင်အမှတ် (၈၁/၄) နှင့် (၈၁/၅) ကြား အရောက်တွင် မျက်နှာချင်းဆိုင်မှ အမည်မသိ အမျိုးသားတစ်ဦး မောင်းနှင်လာသော Honda Wave-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေထောက်ကျိုး ဒဏ်ရာ၊ မျက်နှာပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခွန်သိန်းအောင်နှင့် သေဆုံးသူ အမည်/နေရပ် စုံစမ်းဆဲ အမျိုးသားတို့အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၁၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats