ကလောမြို့နယ်တွင် မူးယစ်ဆေး သုံးစွဲရောင်းချနေသူကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်တွင် မူးယစ်ဆေး သုံးစွဲရောင်းချနေသူကို ဖမ်းမိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၁ ရက်၊ နံနက်ပိုင်းက မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

.

ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက်၊ နံနက် ၁ဝနာရီခွဲခန့်တွင် သတင်းအရ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ ရွေတောင်ကြားရပ်ကွက်နေ ဇော်ဝင်းမောင် (ခ) ပလောင်၏ နေအိမ်ခြံဝန်းအတွင်း ရှာဖွေရာ နေအိမ်နောက်ဖက်၌ မြေကြီးများ တူးထားသည်ကို မသင်္ကာသဖြင့် တူးဖော်ကြည့်ရာ သိုဝှက်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား ၃၂၀၀ ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများကို ရောင်းချ/သုံးစွဲရန် လက်ဝယ်ထားရှိသူ ဇော်ဝင်းမောင်(ခ) ပလောင်အား ကလောမြို့မရဲစခန်းမှ မယ(ပ)၄/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats