​အင်းလေးကန်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​အင်းလေးကန်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ကမ္ဘောဇတိုင်း

.

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ ဝန်ထမ်းများ CDM ပြုလုပ်ရေး လှုပ်ရှားမှု အဖြစ် GenZ လူငယ်များက ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

.



.

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် နံနက် ၉ နာရီခွဲ၌ အင်းလေးကန်အတွင်းရှိ ဟင်္သာတိုင်ရှေ့တွင် စတင်စုစည်းပြီး ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ စစ်အာဏာရှင် ကျဆုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး ဟောပြောမှုများ ပြုလုပ်ကာ ဟဲယာရွာမနှင့် နန်းပန်ကျေးရွာများသို့ လှည့်လည်ချီတက်ခြင်း၊ စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats