ရှမ်းအစိုးရဝန်ကြီး ၂ ဦး ပြန်လည်လွတ်မြောက်ပြီး ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးအချို့ ထိန်းသိမ်းခံထားရဆဲဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 2, 2021

ရှမ်းအစိုးရဝန်ကြီး ၂ ဦး ပြန်လည်လွတ်မြောက်ပြီး ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးအချို့ ထိန်းသိမ်းခံထားရဆဲဖြစ်

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့ ပြန်လည်လွတ်မြောက်လာပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သိရသည်။

.



.

“ဒေါက်တာညီညီအောင်ရယ်၊ ဦးစိုင်းစွံဆိုင်းရယ် လွတ်ပါပြီ။ ဝန်ကြီးချုပ်ရယ်၊ ဦးစိုးညွန့်လွင်ရယ်၊ ဦးစိုင်းရှဲန်တစ်လုံရယ် ကျန်ပါတယ်။ ဦးစိုးညွန့်လွင်နဲ့ ဦးစိုင်းရှဲန်တစ်လုံတော့ မကြာခင် ပြန်လွှတ်မယ်လို့ သိရတယ်။ ဝန်ကြီးချုပ်ကတော့ ခဏ နေရဦးမယ်လို့ သိရပါတယ်” ဟု NLD ပါတီမှ  ဦးသူရစောသိန်းက ပြောသည်။

.

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူပြီးနောက် နိုင်ငံတော် အကြီးအကဲများအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင် အချို့ကို ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။

.

ယင်းကဲ့သို့ ထိန်းသိမ်းခံထားရသည့် အစိုးရအဖွဲ့ဝင်များအနက် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် ပြည်ခိုင်ဖြိုးပါတီဝင် အစိုးရအဖွဲ့ဝင်များအား ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် ကတည်းက ပြန်လည်စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats