​​ဆန္ဒပြသူများအား ရန်စ ဖိနှိပ်မှုများကို G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက ပြစ်တင်ရှုတ်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

​​ဆန္ဒပြသူများအား ရန်စ ဖိနှိပ်မှုများကို G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက ပြစ်တင်ရှုတ်ချ

မြန်မာနိုင်ငံ၌ လုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် လူ သေဆုံးမှု ရှိခဲ့ပြီးနောက် ဆန္ဒပြသူများအပေါ် ရန်စ ဖိနှိပ်မှုများအား G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက ပြစ်တင် ရှုတ်ချခဲ့သည်။

.



အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူ သေဆုံးမှုများ ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး လူ့အခွင့်အရေးကို လေးစားရန် G7 အဖွဲ့ဝင် က​နေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူ​ကေ၊ အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးများနှင့် ဥ​ရောပသမဂ္ဂ ကိုယ်စားလှယ်တို့က ပြောသည်။

.

လက်နက် မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသော မြန်မာပြည်သူများအား ကျည်အစစ်ဖြင့် အသုံးပြု နှိမ်နင်းမှုသည် လက်မခံနိုင်စရာ ဖြစ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် တုံ့ပြန်သူ မှန်သမျှ တာဝန်ခံရမည်ဖြစ်ကြောင်း G7 အဖွဲ့ဝင်နိုင်ငံများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

.

‘‘အာဏာ သိမ်းမှုကို ဆန့်ကျင်ကန့်ကွက် နေသူတွေအပေါ်  ရန်စ ဖိနှိပ်နေတာတွေကို ကျွန်တော်တို့ ရှုတ်ချပါတယ်’’ဟု G7 အဖွဲ့၏ ကြေညာချက်၌ ဖော်ပြ ထားသည်။

.

ထို့အတူ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အား ဖိနှိပ်ရန် ဥပဒေကို အာဏာရှင်ဆန်စွာ ပြောင်းလဲမှုများ၊ အင်တာနက်လိုင်း ဖြတ်တောက်မှုများ အပါအဝင် လွတ်လပ်စွာ သဘောထား ဖော်ပြနေသော ပြည်သူများအား ဖိနှိပ်မှုနှင့်ပတ်သက်၍ မိမိတို့ များစွာ စိုးရိမ်ကြောင်း၊ ဖမ်းဆီးထားသည့် ဒေါ် အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဥပဒေနှင့် မညီဘဲ ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးရန်၊ အရေးပေါ် အခြေအနေကြေညာထားခြင်းအား ရုပ်သိမ်းရန်နှင့် ဆရာဝန်များ၊ သတင်းထောက်များ၊ အရပ်သားများအား ပစ်မှတ်ထားသည့် လုပ်ရပ်များအား ရပ်တန့်ရမည်ဖြစ်ကြောင်းကိုလည်း G7 အဖွဲ့၏ ကြေညာချက်၌ ဖော်ပြထားသည်။

.

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ ပါဝင်သော G7 အဖွဲ့က မြန်မာလုံခြုံရေး တပ်ဖွဲ့များ၏ လုပ်ရပ်များကို ယင်းသို့ ကန့်ကွက် ရှုတ်ချပြီးနောက် G7 ဥက္ကဋ္ဌ ဖြစ်​သော ဗြိတိန်က မြန်မာ သံအမတ်ကြီးအား ယခုလအတွင်း ဒုတိယအကြိမ် ဆင့်ခေါ်ခဲ့​ကြောင်း သိရသည်။


Source - https://www.state.gov/g7-foreign-ministers-statement-on-burma/

Journal Download

Photo of three cats