ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်တွင်
ရေးထိုးထားသော “Free Our Leader” စာတမ်းအား ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊
နေ့လယ်ပိုင်က စည်ပင်သာယာရေးဌာနနှင့် ရဲတပ်ဖွဲ့မှ လာရောက်ဖျက်ဆီး ခဲ့ပြီးနောက် ဆေးများဖြင့်
လမ်းပေါ်တွင် ချော်နေပြီး သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.
“သူတို့က ဆီပါတာတွေနဲ့ လာဖျက်သွားတာပါ။ အင်ဂျင်ဝိုင်တွေကော
ပါတယ်။ ဆိုင်ကယ် တစ်စီးမှောက်လို့ ဝိုင်းထူ နေတုန်း နောက်တစ်စီး ထပ်မှောက်တယ်။ အားလုံး
၃ စီး မှောက်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေက သဲနဲ့ ပြန်ဖုံးပေးထားတယ်” ဟု ဟိုပုံးမြို့နေ
ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ “Free Our Leader” စာတမ်းကို ယမန်နေ့
ဖေဖော်ဝါရီလ ၂၁ ရက်က ဟိုပုံးဒေသခံများမှ ရေးသားခဲ့ခြင်း ဖြစ်ပြီး အရပ်ဝတ်လူတစ်စုမှ
ပထမအကြိမ် လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသခံများက ထပ်မံ ပြုပြင် ရေးသားပြီးနောက်
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် စည်ပင်သာယာရေးဌာနနှင့် ရဲတပ်ဖွဲ့က ဒုတိယ
အကြိမ် ထပ်မံဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညနေပိုင်းက ယင်း “Free
Our Leader” စာတမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဒေသခံများက
မီးထွန်း၍ စုပေါင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.