ကလောမြို့တွင် မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့တွင် မီးလောင်မှု ဖြစ်ပွား

ကလောမြို့၊ ရပ်ကွက်(၁၀)၊ ချယ်ရီလမ်း၊ အမှတ်(၁၀/၆၈)ရှိ နေအိမ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


 

ဦးညွန့်ရွှေ ပိုင်ဆိုင်သည့် အထက်ပါ နေအိမ်တွင် ဘုရားမီး ပူဇော်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် အပေါ်ထပ် မီးလောင် ပျက်ဆီးခဲ့ရသည့်အပြင် ဦးညွန့်ရွှေ၊ ကိုမျိုးမင်းဦး (သား)၊ မောင်ရှိန်းဝေယံထွန်း (မြေး)တို့တွင် တွင် မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ နေအိမ်ဘုရားခန်းတွင် ပေါ့လျော့စွာဖြင့် ဖယောင်းတိုင်အား အောက်ခံ မပါဘဲ ဘုရားမီး ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပေါ်စေခဲ့သည့် ဒေါ်ရီရီတင့် (ဦးညွန့်ရွှေ၏ ဇနီး)အား ကလောမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

#KBZTai #Shan  #News  #KhunThanAung

Journal Download

Photo of three cats