တပ်အာဏာသိမ်းပြီး ၄ ရက်မြောက်နေ့တွင် Facebook လူမှုကွန်ရက် အသုံးပြုမှုကို ကန့်သတ် ပိတ်ပင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်အာဏာသိမ်းပြီး ၄ ရက်မြောက်နေ့တွင် Facebook လူမှုကွန်ရက် အသုံးပြုမှုကို ကန့်သတ် ပိတ်ပင်

ကမ္ဘောဇတိုင်း

.

မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ ရယူလိုက်ပြီးနောက် ၄ ရက်မြောက်ဖြစ်သော ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် Facebook လူမှုကွန်ရက်စာမျက်နှာအား ပုံမှန်အတိုင်း အသုံးပြု၍ မရတော့ကြောင်း သိရသည်။

.

.

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ဖေဖော်ဝါရီလ ၇ ရက်အထိ Facebook အသုံးပြု၍ မရနိုင်အောင် ပိတ်သိမ်းထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဖျက်အမှောင့် လုပ်ဆောင်နေသူမျးက Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေသည့်၊ အများပြည်သူကြား အထင်အမြင်လွဲမှား စေသည့် သွေးထိုးလှုံ့ဆော်မှုနှင့် မဟုတ်မမှန်သတင်းများကို ဖြန့်ဝေနေသည် ဟုဆိုကာ ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြာင်း သိရသည်။
.

ယင်းကဲ့သို့ အသိအပေးအကြောင်းမှုနှင့်အတူ ယနေ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် ဆက်သွယ်ရေး အော်ပ‌ရေတာများက Facebook အသုံးပြု၍မရအောင် ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်း မသမာမှုများ ရှိနေသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင်များကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာ သိမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats