ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော
အကူအညီစီမံကိန်းကို ခေတ္တ ဆိုင်းငံ့ကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အစိုးရအား ထိန်းသိမ်းကာ
ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး အား နှောင့်ယက်ဟန့်တားသည့် ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး
လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ်တွင် အဆိုပါစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန်နှင့်
ရည်မှန်ထားသည့် ရလဒ်များ ရရှိနိုင်သော အခြေအနေ မရှိတော့ ကြောင်း ဥရောပသမဂ္ဂမှ မှတ်ယူသည့်အတွက်
အဆိုပါစီမံကိန်းအား ခေတ္တဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက
ကြေညာခဲ့ခြင်းဖြစ်သည်။
.
ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့မှုပြုပေးလျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြုပြင်ပြောင်းလဲရေး အကူအညီ စီမံကိန်းသည် အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ
တိုက်ရိုက်တောင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် စီမံကိန်းဖြစ်ကာ နိုင်ငံတကာ
စံနှုန်းများနှင့်အညီ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် သင်တန်းပေးခြင်းများကို
ဆောင်ရွက်ပေးခဲ့ကာ မည်သည့် လက်နက်ပစ္စည်းကိရိယာများအား ကူညီပံ့ပိုးမှုမပြုခဲ့ကြောင်းနှင့်
အဆိုပါစီမံကိန်း သည် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့အကြား ပိုမိုကောင်းမွန်သည့်
ယုံကြည်မှုတည်ဆောက်ရန်အတွက် လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာ၊ ဒေသခံလူထုများနှင့်လည်း
တိုက်ရိုက် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.