​​​​​လွတ်လပ်စွာ ရေးသားထုတ်လွှင့်မည်ဟု ရှမ်းပြည် မီဒီယာများ ​ပူး​ပေါင်း ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​​လွတ်လပ်စွာ ရေးသားထုတ်လွှင့်မည်ဟု ရှမ်းပြည် မီဒီယာများ ​ပူး​ပေါင်း ကြေညာ

အာဏာသိမ်းအစိုးရ ဟု မသုံးနှုန်းရန် စစ်ကောင်စီက ဖိအား​ပေးမှု အ​ပေါ် ပကတိ အ​ခြေအ​နေအတိုင်း လွတ်လပ်စွာ တင်ဆက်ကြမည်ဟု ရှမ်းပြည်နယ် အခြေစိုက် သတင်းမီဒီယာဌာနများက ယနေ့ ​ဖေ​ဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။




ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မ​တော်က အာဏာ သိမ်းယူပြီးနောက် သတင်းဌာနများ အနေဖြင့် အာဏာသိမ်း အစိုးရ၊ စစ်အစိုးရ၊ စစ်ကောင်စီ ဟု သုံးနှုန်းခြင်း မပြုရန် ပြန်ကြားရေးဝန်ကြီးဌာနမှ တဆင့် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး ထိုသို့ ဆက်လက်ရေးသားပါက ထုတ်ဝေခွင့် ပိတ်သိမ်းမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ​ပြောဆိုမှုအ​ပေါ် ယခုကဲ့သို့ ​ကြေညာချက် ထုတ်ပြန်၍ တုံ့ပြန်ကြခြင်း ဖြစ်သည်။ 

.

ရှမ်းပြည်နယ်အတွင်းရှိ လွတ်လပ်သော သတင်းမီဒီယာများ အနေဖြင့် ရေးသားထုတ်လွှင့် ဖော်ပြသည့် အကြောင်းအရာ၊ စကားလုံး အသုံးအနှုန်းများနှင့် ပတ်သက်ပြီး သတင်းကျင့်ဝတ် စံနှုန်းနှင့် အညီ ကိုယ်ပိုင် သတင်းတိုက်အသုံး - House Style နှင့် သတင်းမူဝါဒ - House Policy တို့အပေါ် အခြေခံကာ ဖြစ်ပေါ်နေသည့် ပကတိ အခြေအနေအတိုင်း ဆက်လက်ပြီး လွတ်လပ်စွာ ရေးသားထုတ်လွှင့် ဖော်ပြသွားမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

​ကြေညာချက် ပူးတွဲ ထုတ်ပြန်သည့် ရှမ်းပြည်နယ် အ​ခြေစိုက် သတင်းမီဒီယာများမှာ က​မ္ဘောဇတိုင်း၊ တာချီလိတ်သတင်း​အေဂျင်စီ၊ မဲ​ခေါင်သတင်းဌာန၊ ​ရွှေဖီ​မြေ၊ သံလွင်​သွေးချင်း၊ မားနဂါး၊ အ​ရှေ့ပိုင်းရီဗျူး၊ သျှမ်းသံ​တော်ဆင့်၊ ခမ်းသား​ငေါဝ်းနှင့် eastern future တို့ ဖြစ်သည်။

.

ထို့အတူ မြန်မာတစ်နိုင်ငံလုံးရှိ လွတ်လပ်သည့် သတင်းမီဒီယာ ၄၀ ​ကျော်တို့ကလည်း ယ​နေ့တွင်ပင် ပကတိ အ​ခြေအ​နေအတိုင်း လွတ်လပ်စွာ တင်ဆက်ကြမည် ဖြစ်​ကြောင်း သ​​ဘောထား ထုတ်ပြန်ခဲ့သည်။

.

လက်ရှိတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ၂၆ ဦးအနက် ၂၄ ဦးအထိ နုတ်ထွက်ထားခြင်း​ကြောင့် သတင်းမီဒီယာဌာနများက စု​ပေါင်း၍ ​ဆောင်ရွက်​နေကြခြင်း ဖြစ်သည်။

Journal Download

Photo of three cats