.
ဒေါက်တာ ကျော်ထွန်းသည် အသက် ၅၅ နှစ်အရွယ် ရှိပြီ ဖြစ်ကာ လားရှိုးတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ တာဝန် ထမ်းဆောင်နေသူ ဖြစ်ပြီး ပါမောက္ခချုပ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် အတည်ပြု ခန့်အပ်ခြင်း ခံရသူ ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများ ခန့်အပ်သည့် ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၂ ခုအတွက် ဥက္ကဌများ ခန့်အပ်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် ဥက္ကဌများ ခန့်အပ်မှု မရှိသေးသည်ကို တွေ့ရသည်။
.