တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ကမ္ဘောဇလမ်းပေါ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် “We Want Democracy” နှင့် “Release Aung San Suu Kyi” ရေးသားထားသည့် စာတမ်းများကို အရပ်ဝတ်ဖြင့် လူတစ်စုက ပြန် ဖျက်နေကြောင်း သိရသည်။
.
" အရပ်ဝတ်နဲ့ လူတွေ ပြန်ဖျက်နေကြတာ။ သူတို့ ပုံစံက ရဲတွေ၊ စစ်သားတွေလို့ပဲ ထင်တယ်။ ကျွန်တော်တို့ ပြည်သူတွေတော့ မဟုတ်ဘူး။ သူတို့က စာတမ်းကို လူကူးမျဥ်းကြား ပုံစံမျိုးနဲ့ မျဥ်းကြောင်းတွေ ထပ် ဆွဲလိုက်တာ။"ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ စာတမ်းများကို GenZ လူငယ်များက ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းက ရေးသားခဲ့ခြင်း ဖြစ်ပြီး ယခု ၁၈ ရက်၊ နံနက်ပိုင်းတွင် အရပ်ဝတ် လူတစ်စုက ပြန်ဖျက်နေခြင်း ဖြစ်ကြောင်း သိရသည်။