​စစ်​ကောင်စီနှင့် ပူး​ပေါင်းသည့် ဝန်ထမ်းများကို အ​ရေးယူနိုင်​ရေး ကြိုးပမ်းမည်ဟု CRSSH ​ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​စစ်​ကောင်စီနှင့် ပူး​ပေါင်းသည့် ဝန်ထမ်းများကို အ​ရေးယူနိုင်​ရေး ကြိုးပမ်းမည်ဟု CRSSH ​ကြေညာ

အာဏာသိမ်း စစ်​ကောင်စီ၏ တရားမဝင် လှုပ်ရှား ​​ဆောင်ရွက်မှုများတွင် ပူး​​ပေါင်း ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကို တည်ဆဲဥပ​ဒေများအရ အ​ရေးယူ ​ဆောင်ရွက် သွားနိုင်​ရေး ကြိုးပမ်းသွားမည် ဖြစ်​ကြောင်း ရှမ်းပြည်နယ်လွှတ်​တော် ကိုယ်စားပြု​ကော်မတီ (CRSSH)က ​ကြေညာခဲ့သည်။

.



၂၂၂၂၂ အ​ရေး​တော်ပုံ အမှတ်တရ အဖြစ် ယင်းကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်​ကြောင်း တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အနိုင်ရ ရှမ်းပြည်နယ်လွှတ်​တော် ကိုယ်စားလှယ် ဦးစိုးညွန့်လွင်က ယ​နေ့ ​ဖေ​ဖော်ဝါရီလ ၂၂ ရက်၊ ည​နေပိုင်းတွင် ​၎င်း၏ လူမှုကွန်ရက်မှ တဆင့် ပြောသည်။

.

CDM လှုပ်ရှားမှုတွင် ပါဝင် ​ဆောင်ရွက်ကြသည့် ဝန်ထမ်းများကို အသိအမှတ် ပြုရန် ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ရင်ထိုးတံဆိပ်များဖြင့် သမိုင်း မှတ်တမ်း တင်ရန် အတွက် လွှတ်​တော်၏ အခွင့်အာဏာကို သုံး၍ ​ဆောင်ရွက်သွားမည်ဟုလည်း ​ကြေညာချက်တွင် ​ဖော်ပြ ပါရှိသည်။

.

CRSSH ကို တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်​တော် ကိုယ်စားလှယ် ၃၉ ဦးဖြင့် ​ဖေ​ဖော်ဝါရီလ ၁၉ ရက်တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Journal Download

Photo of three cats