တရုတ်တွင် COVID-19 ဆေးအတုများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်တွင် COVID-19 ဆေးအတုများ ဖမ်းမိ

မင်းဇော်မင်း

.

တရုတ်နိုင်ငံတွင် ရဲတပ်ဖွဲ့မှ COVID-19 ဆေးအတုများ ဖမ်းဆီးရမိခဲ့ကြောင်း The Straits Time သတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။

.



.

ကာကွယ်ဆေးအတု အလုံးရေ ၃၀၀၀ ကျော်သိမ်းဆည်းရမိပြီး  အတုပြလုပ်သူပေါင်း ၈၀ ကျော်ကို ဖမ်းဆီးရမိ ထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

.

ကာကွယ်ဆေးအတု ပြုလုပ်သူများသည် ပြီးခဲ့သည့် စက်တင်ဘာလက တရုတ်နိုင်ငံ၏ကာကွယ်ဆေးများ စတင် ထွက်ရှိစဉ် ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

.

ယင်း ကာကွယ်ဆေးအတုများသည် ဆေးထိုးအပ်များအတွင်း အသင့်ထည့်သွင်းထားပြီး တရုတ် ကာကွယ်ဆေး ပုံစံအတိုင်း ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

.

တရုတ်ရဲတပ်ဖွဲ့ဝင်မျာက ပေကျင်း၊ ရှန်ဟိုင်းနှင့် ရှန်တုန်းပြည်နယ်များအတွင်း နေရာများစွာတွင် လိုက်လံ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနနှင့် GlobleTimes သတင်းစာတွင် ဖော်ပြထားသည်ဟု သိရသည်။

.

Photo – The Straits Time

.

Journal Download

Photo of three cats