COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၂၀၉ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၈၈ ခုအနက် ၁ ဦးတို့တွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၄၀၃၅၄ ဦး ရှိကာ၊ ယင်းအနက် ၃၁၃၈ ဦး သေဆုံး၍ ၁၂၅၃၂၄ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။