ကမ္ဘောဇတိုင်း
.
မြို့တော်တောင်ကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ်
CDM တွင် မပါဝင်သော ဝန်ထမ်းများအား ဈေးမရောင်းကြောင်း ဈေးသည်များက ဆန္ဒထုတ်ဖော်
စာကပ်ပြီး ဈေးရောင်းချလျက်ရှိသည်ဟု သိရသည်။
.
အဆိုပါ လှုပ်ရှားမှုတွင် ပျံကျဈေးသည်များဖြစ်သော ဟင်းသီးဟင်းရွက်နှင့်
သားငါးရောင်းချသူများမှ ကုန်စုံဆိုင်များအထိ ပါဝင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍
ယင်းကဲ့သို့ စာကပ်ကာ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
.
တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပြီးနောက်
မြန်မာနိုင်ငံ တစ်ဝှမ်း မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို
ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများကလည်း စစ်အာဏာသိမ်းအစိုးရ၏ လက်အောက်တွင်
အလုပ်မလုပ်လိုကြောင်း ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ရုံးမတက်ဘဲ CDM လှုပ်ရှားမှုတွင်
ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment