ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက်၊ နံနက်ပိုင်းက (Best Oil Company)BOC စက်သုံးဆီဆိုင်ခွဲ ဖွင့်လှစ်ခဲ့ပြီး ယင်းဆိုင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ယင်း ဆိုင်ဖွင့်ပွဲကို ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းနှင့် Best Oil Company(BOC)မှတာဝန်ရှိသူများက တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။