​​အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ မလာတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ မလာတော့

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ  ၂၅ ရက်တွင် လာရောက်မည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rento Marsudi ၏ ခရီးစဥ်ကို ဖျက်သိမ်းလိုက်​ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

.



အာဆီယံနိုင်ငံများ၏ တိုက်တွန်းချက်အရ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ သွားရောက်ရန် သင့်တော်သည့် အချိန် မဟုတ်ကြောင်း အင်ဒိုနီးရှား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။

.

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ဖေဖော်ဝါရီ  ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ နေ့ချင်းပြန် လာရောက်ရန် စီစဥ် ထား​သော်လည်း အဆိုပါ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

.

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို အင်ဒိုနီးရှားက ထောက်ခံကြောင်းနှင့် အာဆီယံနိုင်ငံများကို စည်းရုံးနေကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှား သံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် မြန်မာလူထုက အင်ဒိုအစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

.

အဆိုပါ ဆန္ဒထုတ်ဖော်ပြီး​နောက် မကြာမီ Rento Marsudi က မြန်မာပြည်သူ လူထု၏ ဆန္ဒကို အလေးထားသင့်ကြောင်း ဒီမိုကရေစီ ခိုင်မာရေး၊ တရားဥပဒေ စိုးမိုးရေး၊ အခြေခံ လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်ရေးအတွက် ကူညီပေးရမည်ဟု ​ပြောဆိုခဲ့သည်။

.

Source - Reuters

Journal Download

Photo of three cats