တာလေသစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင် ၁၄၀၀၀ ပျိုးထောင်ထားရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာလေသစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင် ၁၄၀၀၀ ပျိုးထောင်ထားရှိ

အောင်ကျော်မိုး (တာလေ)

.
ပြောင်းလဲလာသောရာသီဥတု၏ ပူပြင်း‌ ခြောက်သွေ့သည့်ဒဏ်ခံစားရခြင်းမှ ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် တာချီလိတ်ခရိုင်၊ တာလေမြို့ သစ်တောဦးစီးဌာနက အများပြည်သူတို့ မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်များဖြန့်ဝေပေးလျက်ရှိရာ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်၌ ပြည်သူဖြန့်ဝေ သစ်ပင်ပေါင်း ၁၄၀၀၀ ကိုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
.

.
"တာလေမြို့မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ ပြည်သူ‌တွေကို အခုနှစ် မိုးရာသီမှာစိုက်ပျိုးနိုင်ဖို့ ကျွန်း၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ မိုက်ဆော့၊ စိန်ပန်း၊ ယူကလစ်၊ပိန္နဲ၊ ကျွဲကော စတဲ့ အရိပ်ရအလှသစ်ပင်တွေနဲ့ နှစ်ရှည်သီးပင်စားပင်‌တွေကို အများပြည်သူအကြိုက် မျိုးစေ့စုဆောင်း ရွေးချယ် ပျိုးထောင်ထားခြင်းဖြစ်ပါတယ်” ဟု တာလေမြို့သစ်တောဦးစီးဌာနက ပြောသည်။
.
အဆိုပါ သစ်ပင်ပျိုးပင်များကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်ပျိုးထောင်ခဲ့ပြီး လာမည့်မိုးရာသီတွင် သစ်တောဦးစီးဌာနဝန်ထမ်းများက တာလေမြို့အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ နှင့် ဌာနဆိုင်ရာ၊ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ သစ်ပင်စိုက်ပျိုးလိုသူအများပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats