ကမ္ဘောဇတိုင်း
.
မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စု၊
ရွှေတောင်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နေ့လယ်ပိုင်းက ငွေကျပ် ၈
သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၂၉)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ
၇ ရက်၊ နေ့လယ်၂ နာရီခန့်က မိုင်းတုံမြို့နယ်၊ ရွှေတောင်ကျေးရွာနေ သန်းထိုက် (ခ) ကောက်ကွေး၏
နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်ဧည့်ခန်းတွင် တွေ့ရှိပြီး ၎င်းဝတ်ဆင်ထားသည့်
အနွေးထည်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၄ ထုပ်၊ ၅၅ ပြား တစ်ထုပ် စုစုပေါင်း ၈၅၅ ပြား၊ ကာလတန်ဖိုး
၈၅၅၀၀၀ ကျပ်ခန့်အား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ သန်းထိုက်
(ခ) ကောက်ကွေးအား မိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.