ဒေသခံများ မပါသည့် တောင်ကြီးက တပ်​ထောက်ခံပွဲကို ​ဒေသခံများက သံပုံးတီး၍ ကန့်ကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေသခံများ မပါသည့် တောင်ကြီးက တပ်​ထောက်ခံပွဲကို ​ဒေသခံများက သံပုံးတီး၍ ကန့်ကွက်

 ■ ​​​​​ဒေသခံများ မပါသည့် တောင်ကြီးက တပ်​ထောက်ခံပွဲကို ​ဒေသခံများက သံပုံးတီး၍ ကန့်ကွက်
.
□ က​မ္ဘောဇတိုင်း
.
​ဒေသခံ (​တောင်ကြီး မြို့​​ပေါ်နေသူ)များ မပါဝင်​သော မြို့တော် တောင်ကြီး၌ ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်)၊ ​နေ့လယ်ပိုင်းတွင် ပြုလုပ်သည့် တပ်မတော် ထောက်ခံပွဲကို ​ဒေသခံများက သံပုံးတီး၍ ကန့်ကွက်ခဲ့ကြသည်။
.











 

.
ယင်း ​တပ်မ​တော်​ ထောက်ခံပွဲအား ​ကျေးလက်​နေသူ ၂၀၀ ခန့်က ပြုလုပ်ခဲ့ကြခြင်း အ​ပေါ် ​ အင်အား ထောင်ချီသည့် တောင်ကြီးမြို့​နေသူ ​ဒေသခံများက ဗိုလ်ချုပ်လမ်းမ တစ်​လျှောက် သံပုံးတီးကာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
.
တပ်မ​တော် ​ထောက်ခံပွဲ၌ ပါဝင်ကြသူများ၊ ဦး​ဆောင်သူများနှင့် ​ထောက်ခံပွဲ ရည်ရွယ်ချက် အ​သေးစိတ် အ​ခြေအ​နေကို က​မ္ဘောဇတိုင်းမှ လိုက်လံ​​မေးမြန်း၊ စုံစမ်းမှုများ ပြုလုပ်ခဲ့​​သော်လည်း ခိုင်မာသည့် အတည်ပြုချက်များ မရခဲ့​ပေ။
.
#KBZTai #Shan #News  #Taunggyi

Journal Download

Photo of three cats