ကမ္ဘောဇတိုင်း
.
တပ်မတော်က ပြည်သူ့အစိုးရထံမှ အဓမ္မ အာဏာ သိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့်
တောင်ကြီးမြို့ပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်၊ ညပိုင်းက တတိယမြောက်ရက်အဖြစ် နေအိမ်
များအတွင်း သံပုံးတီးခြင်း အပြင် မော်တော် ဆိုင်ကယ်များ၊ ကားများဖြင့် မြို့တစ်ပတ်လှည့်လည်၍
ဟွန်းတီးကာ Campign ပြုလုပ်ခဲ့ကြသည် ဟု သိရသည်။
.
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်၊ ဒေသအသီးသီးတွင် တပ်မတော်
အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း သံပုံးတီး Campign များကို ဖေဖော်ဝါရီလ ၃ ရက်မှ စတင်၍
ညစဉ် ည ၈ နာရီတွင် ပြုလုပ်နေကြခြင်းဖြစ်ပြီး တောင်ကြီးမြို့တွင် ယခု ဖေဖော်ဝါရီလ ၅
ရက်၊ ညပိုင်း၌ မော်တော်ဆိုင်ကယ် အစီးရေ ၂၀၀၀ ကားအစီးရေ ၁၀၀၀ ဖြင့် Campign ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း
မှုတ်ဆေးများဖြင့် စာသား ရေးသားမှုများလည်း ရှိနေကြောင်း သိရသည်။
.
သံပုံးတီး Campign
ကို တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၃ ရ က်၊ ညပိုင်းက စတင်ပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီး ၄ ရက်နေ့ညတွင် တီးခတ်သူ ပိုမိုများပြားလာကာ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ယခု
ကဲ့သို့ ကား/ဆိုင်ကယ်များဖြင့် ဟွန်းတီးခြင်းကို ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
တပ်မတော်မှ နိုင်ငံတော်သိမ်းယူမှုနှင့် ပတ်သက်၍ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ
မြို့နယ်အချို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူထုလူတန်းစား အသီးသီးက လက်မခံကြောင်း
Civil
Disobedence Campign များကို နည်းမျိုးစုံဖြင့် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment