ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့်
ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့ ယနေ့ ဖေဖော်ဝါရီလ
၂ ရက်၊ ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
.
.
“ဝန်ကြီး ဦးစိုးညွန့်လွင်တို့ ပြန်လာတော့မယ်။ သွားခေါ်နေပါပြီ” ဟု NLD ပါတီမှ ဦးသူရစောသိန်းက
ပြောသည်။
.
တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူမှုနှင့်အတူ NLD ပါတီမှ
တာဝန်ရှိသူအချို့၊ အစိုးရအဖွဲ့ဝင်အချို့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်က
ဖမ်းဆီးထိန်းသိမ်းထားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးအချို့ကို ပြန်လည်စေလွှတ်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.