ကမ္ဘောဇတိုင်း
.
ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ သစ်တောရုံးလမ်း အနီးတွင်
ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ နေ့လယ်ပိုင်းက လူမှုရေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ
ဓါးထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့်
ကိုမျိုးမြင့်နှင့် ဇနီး ဒေါ်ချိုသဲ တို့သည် ဖေဖော်ဝါရီလ ၁၁ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က
တစ်လမ်းတည်းနေ ကိုမင်း (ခ) ဇင်မင်းဦး ဆိုသူနှင့် လူမှုရေးကိစ္စဖြင့် စကားများရန်ဖြစ်
ရာ ကိုမင်း (ခ) ဇင်မင်းဦးမှ ဓါးဖြင့်ထိုးသဖြင့် ကိုမျိုးမြတ်တွင် ယာဘက်နံဘေး ပြတ်ရှဒဏ်ရာတစ်ချက်၊
ဒေါ်ချိုသဲတွင် ဝဲဘက်နားရွက်ရှေ့မှ လည်ပင်းအထိ ပြတ်ရှဒဏ်ရာတစ်ချက်၊ မေးစေ့ဝဲဘက် ပြတ်ရှဒဏ်ရာတစ်ချက်၊
ယာဘက် လက်ဝါး လက်မအောက် ပြတ်ရှဒဏ်ရာ တစ်ချက်၊ လက်မဆစ်အနီး ပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ကာ
ကိုမင်း (ခ) ဇင်မင်းဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမှုနှင့် ပတ်သက်၍ ဓါးဖြင့် ထိုးပြီး ထွက်ပြေးတိမ်းရှောင်နေသူ
ကိုမင်း (ခ) ဇင်မင်းဦး အား ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ) ၁၅/၂၁၊ ရာဇသတ်ကြီးပုဒ်မ
၃၂၆.၃၂၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.