ခွန်ရဲထွေး (ဆီဆိုင်)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြိုန့ယ်၊ နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်) တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာ တူးဖော်ခြင်းလုပ်ငန်းများ
၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
.
.ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၀ သန်းဖြင့်
အလျားပေ ၁၀၀၊ အနံ ၄၅ ပေ၊ အမြင့် ၁၀ ပေရှိ နောင်အယ် ရေလွှဲဆည်(ကျောင်းချယ်)တည်ဆောက်ခြင်းလုပ်ငန်းနှင့်
အရှည်ပေ ၃၀၀၊ အကျယ် ၇၅ ပေ၊ အမြင့် ၈ ပေရှိ ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ဆည်တည်ဆောက်မှုနှင့်
ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်က မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊
မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ
ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ရဲထွန်းက ဆောင်ရွက်မည့်
အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ နောင်အယ်ရေလွှဲဆည်
(ကျောင်းချယ်) တည်ဆောက်ပြီးစီးပါက ဆီဆိုင်မြို့နယ်အတွင်းရှိ ကျောင်းချယ်ကျေးရွာ၊
ဘန်းယဉ်ကျေးရွာ၊ နောင်အယ်ကျေးရွာ၊ တိကလိုင်ကျေးရွာနှင့် ဟိုတင့် ကျေးရွာများမှ
အိမ်ခြေ ၅၃၀၊ လူဦးရေ ၂၅၀၀ ဦးခန့်နှင့် လယ်မြေ ၁၅၀၀ ဧကတို့ကို အကျိုးပြု စေမည်ဖြစ်ကြောင်း
သိရသည်။
.