ညောင်ရွှေတွင် အလုပ်သမား၊ လယ်သမားများ၏ သပိတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဟောပြောပွဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေတွင် အလုပ်သမား၊ လယ်သမားများ၏ သပိတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဟောပြောပွဲ ပြုလုပ်မည်

ကမ္ဘောဇတိုင်း

.

အလုပ်သမား၊ လယ်သမားများ၏ သပိတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့၊ မင်္ဂလာဈေးရှေ့၊ ကမ္ဘောဇဘဏ်အနီး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ထိုသို့ သပိတ် ဆင်နွှဲရာတွင် အလုပ်သမား၊ လယ်သမားများမှ မိမိတို့၏ လယ်ယာ ဥယျာဉ်ခြံမြေများတွင် ဝတ်ဆင် သည့်အတိုင်း ခြင်းတောင်းပလုံးများပေါ်တွင် အာဏာရှင်ဆန့်ကျင်ရေး စာသားများ ရေးသား၍ ကျေးရွာအလိုက် အလုပ်သမား၊ လယ်သမား ပင်မစစ်ကြောင်းတွင် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားပြီး ရှမ်းပြည်သပိတ်ရပ်ဝန်း ကော်မတီ အဖွဲ့ဝင်များ ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တော်လှန်ရေးသည် စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်သော ပါတီစွဲ လူမျိုးစွဲမရှိ ရှမ်းပြည်ဖွား ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသခံ အလုပ်သမား လယ်သမားပေါင်းစုံတို့၏ သပိတ်ဖြစ်ပြီး အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စသည့် ကြွေးကြော်သံများဖြင့် ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats