​​​တောင်ကြီးတွင် တပ်​ထောက်ခံပွဲ ယ​နေ့ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 25, 2021

​​​တောင်ကြီးတွင် တပ်​ထောက်ခံပွဲ ယ​နေ့ ပြုလုပ်မည်

မြို့တော် တော်ကြီးတွင် ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်)၊ ​နေ့လယ်ပိုင်းတွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.



ယင်း ​တပ်မ​တော်​ ထောက်ခံပွဲအား ယ​နေ့ ​နေ့လယ် ၂ နာရီခန့်တွင် ​တောင်ကြီးမြို့မ​စျေး အနီးမှ ​တောင်​ကျောင်းကြီး အထိ လမ်း​လျှောက်ချီတက်၍ ပြုလုပ်မည် ဖြစ်​ကြောင်း သိရ​သော်လည်း ​ထောက်ခံပွဲ ဦး​​ဆောင်မည့်သူများနှင့် အ​သေးစိတ် အစီအစဥ်များကို က​​မ္ဘောဇတိုင်း အ​နေဖြင့် အတည်ပြုနိုင်ခြင်း မရှိ​သေး​ပေ။

.

​တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် စစ်အာဏာသိမ်း ဆန့်ကျင်​ရေး ဆန္ဒ ပြမှုများကို ​နေ့စဥ် ရက်ဆက် ပြုလုပ်​နေလျက် ရှိကာ ပြီးခဲ့သည့် ရက်ပိုင်းက ​အေးသာယာမြို့တွင် ပြုလုပ်ခဲ့​​သော စစ်​ကောင်စီ ​ထောက်ခံပွဲကို ​ဒေသခံများက သံပုံးတီးမှုများ ပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment

Journal Download

Photo of three cats