ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ဂုဏ်ထူးလမ်းရှိ ပရဟိတလူငယ်အဖွဲ့တစ်ဖွဲ့၏
ရုံးအား ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းရှာဖွေမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ဝင်ရောက်စီးနင်းရှာဖွေပြီး ရုံးအတွင်းရှိ လူငယ်များအား
ဖမ်းဆီးရာတွင် ရပ်ကွက်နေ လူထုနှင့် ဒေသခံများမှ ဝိုင်းဝန်းတားဆီးမှုကြောင့် လက်ရှိတွင်
လူငယ်များအား ပြန်လွှတ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
.