တောင်ကြီးမြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ယခင်ရက်များထက် အင်အားပိုမိုများပြားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ယခင်ရက်များထက် အင်အားပိုမိုများပြားလာ

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ ဝန်ထမ်းများ CDM ပြုလုပ်​ရေး လှုပ်ရှားမှု  ၁၅ ရက်ဆက် အဖြစ် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများက ယ​နေ့ ​ဖေ​ဖော်ဝါရီလ ၂၁ ရက်တွင် အထွေထွေသပိတ် ဆန္ဒထုတ်ဖော်လျက်ရှိရာ ယနေ့တွင် ယခင်ရက်များထက် အင်အားပိုမိုများပြားလာကြောင်း သိရသည်။

.


.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ တစ်ဝှမ်း မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိပြီး မြို့တော် တောင်ကြီး တွင်လည်း ဖေဖော်ဝါရီလ ၇ ရက်မှ ယနေ့အထိ နေ့စဉ် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၈ ရက်တွင် မြို့နယ်အသီးသီး၌ လူ ၅ ဦးနှင့်အထက် ပိုမိုစုဝေးခြင်းမပြုရန် ရာဇသတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ပြီးနောက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ နေပြည်တော်၊ မန္တလေးနှင့် ဒေသအချို့တွင် ပစ်ခတ် နှိမ်နင်းခြင်းများ ရှိနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats