စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဆရာဝန်အချို့ နုတ်ထွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဆရာဝန်အချို့ နုတ်ထွက်

ကမ္ဘောဇတိုင်း

.

စစ်တပ်အာဏာသိမ်းခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆရာဝန် နိုင်ငံ့ဝန်ထမ်းအချို့ နုတ်ထွက်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။

.



.

ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကလည်း ဖဲကြိုးနီများ တပ်ဆင်သည့် Red Ribbon လှုပ်ရှားမှုနှင့် Civil Disobedience လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတဝှမ်းလုံးဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ (၁) နှစ် သတ်မှတ်လိုက်ခြင်းဖြ‌စ်ကြောင်း တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.


Journal Download

Photo of three cats