တောင်ကြီးမြို့တွင် ပြုလုပ်မည့် နစက ထောက်ခံပွဲကို အေးသာယာ ‌နောင်အင်ဘောလုံးကွင်းသို့ နေရာပြောင်းရွှေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် ပြုလုပ်မည့် နစက ထောက်ခံပွဲကို အေးသာယာ ‌နောင်အင်ဘောလုံးကွင်းသို့ နေရာပြောင်းရွှေ့

ကမ္ဘောဇတိုင်း

.

မြို့တော်တောင်ကြီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်၌ ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ ထောက်ခံပွဲကို အေးသာယာမြို့၊ နောင်အင်ဘောလုံးကွင်း၌ နေရာပြောင်းရွှေ့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.



.

“နေရာပြောင်းတာ ဟုတ်ပါတယ်။ အေးသာယာ နောင်အင်ကွင်းမှာ လုပ်မှာပါ။ နေ့လယ် ၁၂ ခွဲ လူစုပြီး ၁ နာရီခွဲ စ ပါမယ်” ဟု ထောက်ခံပွဲ ဦးဆောင်ပြုလုပ်သူ ဒေါ်ညွန့်စိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအား ကြိုဆိုထောက်ခံပွဲကို အေးသာယာမြို့နေ ဒေါ်ညွန့်စိန် (ခ) ဒေါ်မူစိန်က ဦးဆောင်ကာ ၎င်းအပါအဝင် ရန်ကုန်မြို့နေ ရှေ့နေ ဦးအေးပိုင်နှင့် ဖြူးမြို့နေ ဦးစိုးမြင့်ဦး တို့က ဦးဆောင်ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်က နောင်အင်ဘောလုံးကွင်းတွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့စဉ်

.

Journal Download

Photo of three cats