ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊
ရေအေးကွင်းရပ်ကွက်၊ ကမ္ဘောဇလမ်းပေါ်ရှိ ဖျက်ဆီးခံခဲ့ရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတမ်း
များကို ဒေသခံများက ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် မှုတ်ဆေးဖြင့် ပြန်လည်
ရေးလျက်ရှိကြောင်း သိရသည်။
.
.
စစ်အာဏာသိမ်းမှု
ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ကမ္ဘောဇလမ်းပေါ်တွင် “We Want Democracy” နှင့် “Release Aung
San Suu Kyi” ဟု လူငယ်များက ရေးသားထားသည့် စာတမ်းကို အရပ်ဝတ်လူတစ်စုက
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်ရေးသားနေခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ
စာတမ်းများကို GenZ လူငယ်များက ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းက ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment